Multi-Stakeholders Forum (ရေနှင့်သက်ဆိုင်သော ပတ်သက်ဆက်နွယ်သူများ အားလုံးပါဝင်သည့် ဖိုရမ်)
ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၊ ရေနှင့်သက်ဆိုင်သော ပတ်သက် ဆက်နွယ်သူများ အားလုံး ပါဝင်သည့်ဖိုရမ်၏ ရေနှင့်သက်ဆိုင်သော ပတ်သက်ဆက်နွယ်သူ ဆိုသည်မှာ ဧရာဝတြီမစ်နှင့် သက်ဆိုင်သောဆုံးဖြတ်ချက်များ၊ စီမံခန့်ခွဲမှုလုပ် ငန်းများနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးအပြစ်များကို ခံစားရသော ဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် စိတ်ပါ ဝင်စားသူများအားလုံးကို ဆိုလိုပါသည်။
The Multi-stakeholders of the AIRBM project are interested individuals, organizations and institutions, get impact from the decision, concerned with Ayeyarwady River, River Basin Management and future investment.
ဖိုရမ် ဖြစ်ပေါ်လာပုံ
ရေနှင့်သက်ဆိုင်သော ပတ်သက် ဆက်နွယ်သူများ အားလုံးပါဝင်သည့် ဖိုရမ် တည်ထောင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ အား ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ရန်ကုန် မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပခဲ့ပြီး အဖွဲ့အစည်း(၂၉)ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် အခန်းကဏ္ဍ(၈)ခုကိုခြုံငုံသော ရေနှင့်သက်ဆိုင်သော ပတ်သက် ဆက်နွယ်သူများ အားလုံးပါဝင် သည့် ဖိုရမ်၏ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
Forum Establishment
The Multi-stakeholders Forum was established by the voluntary formation of Core Group Members representing 29 organizations during the Multi-stakeholders Forum Establishment meeting on 18th October, 2016 at the Kandawgyi Palace Hotel in Yangon.
ဖိုရမ်၏ ရည်ရွယ်ချက်
“ရေနှင့်သက်ဆိုင်သော ပတ်သက်ဆက်နွယ်သူများ အားလုံးပါဝင် သည့် ဖိုရမ် (Multi-stakeholders Forum)” ၏ ရည်ရွယ် ချက်များမှာ . . .
၁။ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု (AIRBM) စီမံကိန်းသည် ဧရာဝတီမြစ်ဝှမ်းဒေသရှိ ရေနှင့်သက်ဆိုင်သော ပတ်သက်ဆက်နွယ်သူများထံသို့ သတင်းအချက်အလက် များ ဖြန့်ဝေပေးနိုင်ရန်နှင့် ၎င်းတို့ထံမှ အတွေ့အကြုံနှင့် အကြံ ဉာဏ်များ မျှဝေပေးနိုင်ရန်အတွက် အခွင့်အလမ်းများဖန်တီး ပေးနိုင်ရန်၊
၂။ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ် (Integr- ated Water Resources Management, IWRM)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန်အတွက် AIRBM စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်မှုအခြေအ နေများအား သိသာထင်ရှားစေရန်၊ ရေနှင့်သက်ဆိုင်သော ပတ် သက်ဆက်နွယ်သူများအားလုံးမှ ဧရာဝတီမြစ်ဝှမ်းဒေသ၏ ဖွံ့ဖြိုး ရေး၊ စီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့ရန် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းရပ်များတွင် ပိုမို၍အချိတ်အဆက်မိစွာ ပါဝင် နိုင်စေရန်တို့ ဖြစ်ပါသည်။
Objectives of the Forum
The objectives of the Multi-stakeholders Forum are
- To share information, knowledge and experience among all Multi-stakeholders living in the Ayeyarwady River Basin. To create equal opportunities for all to share their opinions.
- To disseminate the accomplished tasks and progress of AIRBM planning process in implementing the Integrated Water Resources Management (IWRM) in Myanmar. To ensure stakeholders’ engagement in sustainable development and management of the Ayeyarwady River Basin.
ဖိုရမ်မှ တာဝန်ယူရမည့် အခန်းကဏ္ဍ
- ဧရာဝတီနှင့် ပတ်သက်သော ကိစ္စများတွင် မြစ်ဝှမ်းဒေသရှိ ပတ်သက်ဆက်နွယ်သူများ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ များကို ကျင်းပပေးရန်နှင့် ပံ့ပိုးကူညီရန်၊
- ရေနှင့်ဆိုင်သောအနာဂတ်ဆုံးဖြတ်ချက် အထောက်အကူ ပြုစနစ်ကို ပံ့ပိုးပေးရန်၊
- မူဝါဒရေးဆွဲသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် မြစ်ဝှမ်း ဒေသတွင် မှီတည်နေသူများအကြား အပြန်အလှန် ဆွေးနွေးပွဲများကိုကျင်းပပေးရန်၊
- အရေးကြီးအချက်အချာကျသော သတင်းများကို တိုင်ပင် ဆွေးနွေးမှုဖြစ်စဉ်များမှတစ်ဆင့် မူဝါဒချမှတ်ခြင်းများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် (Policy Advocacy purposes)၊
- နိုင်ငံအဆင့်၊ ဒေသအဆင့်၊ ပြည်တွင်းအဆင့် လုပ်ငန်းစဉ် များမှတစ်ဆင့် စနစ်တကျစီစဉ်ထားသော အပြန်အလှန် ဆွေးနွေးမှုများတွင် ထိရောက်သော ကြားဝင်စေ့စပ်မှုများ ပြုလုပ်နိုင်စေရန်၊
Role of the Forum
- Organize and facilitate the Multi-stakeholders consultation meeting on Ayeyarwady related issues.
- Support the future decision support system for the management of the Ayeyarwady river basin.
- Facilitate the dialogue between the policy makers, private sectors, and basin dwellers.
- Convey the key messages for policy advocacy purposes through consultative process.
- Ensure effective engagement in planning processes through national, regional and local level dialogues.
ဖွဲ့စည်းပုံ
ဖိုရမ်၏ဖွဲ့စည်းပုံမှာ အဖွဲ့ဝင် (Member)၊ လုပ်ငန်း အဖွဲ့ (Core Group)နှင့် ဦးဆောင်ကော်မတီ (Steering Committee)တို့ပါရှိပါသည်။ ဖိုရမ်ကို ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း (AIRBMP)၏ Component -1 ရုံးအဖွဲ့မှ ပံ့ပိုးပေးပါသည်။
Statutes
The statutes of the Forum shall include Members, Core Group and Steering Committee. The AIRBMP Component-1 team will support the Forum. The statutes is available on demand.
ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ (Thematic Working Groups)
- ကဏ္ဍ(၁)ရေအားလျှပ်စစ်
- ကဏ္ဍ(၂)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း
- ကဏ္ဍ(၃)ရေနှင့် ရာသီဥတုပြောင်းလဲခြင်း
- ကဏ္ဍ(၄)မြို့ပြသုံးရေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
- ကဏ္ဍ(၅)သတ္တုတွင်းလုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းသုံး ရေများ
- ကဏ္ဍ(၆)ရေဥပဒေရေးဆွဲခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ ရေး ဆွဲခြင်း
- ကဏ္ဍ(၇)ဆိပ်ကမ်းများနှင့် ရေကြောင်းများ ဖော်ထုတ်ထိန်း သိမ်းခြင်း
- ကဏ္ဍ(၈)သုတေသနနှင့် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း
ထပ်မံဖြည့်စွက်လိုသည်များကိုလည်း အကြံပြုပေးပါရန် လေးစားစွာ ဖြင့် ဖိတ်ခေါ်အပ်ပါသည်။
Thematic Working Groups (TWGs)
- TWG (1) Water for Energy
- TWG (2) Water use efficiency for food production
- TWG (3) Water and Climate Change
- TWG (4) Water for People and Environment
- TWG (5) Water Quality and Pollution Control
- TWG (6) Water law, Rules and Regulations
- TWG (7) Water for Ports and Navigation
- TWG (8) Research and Water Capacity Building
Additional suggestions are respectfully welcomed.