Forum

အမျိုးသားရေဥပဒေမူကြ...
 
Notifications
Clear all

[Sticky] အမျိုးသားရေဥပဒေမူကြမ်း (၂)  

  RSS

World Wide Myanmar
(@wwm)
Member Admin
Joined: 1 year ago
Posts: 1
04/12/2020 5:10 am  

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၁) ရက်

အမျိုးသားရေဥပဒေ( မူကြမ်း) ကို ဒုတိယအကြိမ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၁) ရက်နေ့က ZOOM Cloud Meeting ဖြင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားရေဥပဒေပြုစုရေးအတွက် Water Law Task Force အဖွဲ့မှ အဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ တွဲဖက်တာဝန်ကျအရာရှိများနှင့် ရေနှင့်သက်ဆိုင်သူများ ပါဝင်သည့် ရေဖိုရမ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အကြံဉာဏ်များနှင့် သဘောထားမှတ်ချက် များပေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများမှ ပေးအပ်သော အကြံဉာဏ်များအတိုင်း အမျိုးသားရေဥပဒေမူကြမ်း (၂) အား ပြင်ဆင်ပြီးဖြစ်ပါသည်။ ထိုအမျိုးသားရေဥပဒေမူကြမ်း (၂) အား အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများသို့ ပေးပို့ပြီးဖြစ်ပါသည်။ အမျိုးသားရေဥပဒေမူကြမ်း (၂) အား ပြည်သူများမှ အကြံပြုနိုင်ရန်လည်း Myanmar Official Water Portal ၏ Forum တွင် တင်ထားပါသည်။ အမျိုးသားရေ ဥပဒေမူကြမ်း (၂) ၏ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရန် ပြည်သူများထံမှလည်း ဝေဖန် အကြံပြုချက်များ၊ ဆွေးနွေးချက်များကို လေးစားစွာ၊ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။


Quote
Share: